ASEAN Festival Opening Ceremony အခမ်းအနားကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ကျိုင်းတုံတက္ကသိုလ်မှ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအကြောင်းဖြင့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ ASEAN Festival ပြိုင်ပွဲကို (၂၅.၈.၂၀၂၁) မှ (၂၉.၁၀.၂၀၂၁) ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ Tarlac City, Central Luzon တွင်ရှိ TARLAC Agricultural University မှ ဦးစီးပြီး ISATU နှင့် ဖိလစ်ပိုင်တက္ကသိုလ်များ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများမှ တက္ကသိုလ် ၁၉ ခုပါဝင်ယှဉ်ပြိုင်ကြပါသည်။ ကျိုင်းတုံတက္ကသိုလ်အနေဖြင့် ပြိုင်ပွဲ ၇ မျိုးကျင်းပသည့်အနက် ပြိုင်ပွဲ ၆ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု (၂) ဆု၊ နှစ်သိမ့်ဆု(၁) ဆု ရရှိခဲ့ပါသည်။
ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများ-
၁။ ASEAN Cuisine Competition – September 23 2021 တွင် ပုဇွန် မျှစ်ချဉ်ပေါင် ကြော်
၂။ ASEAN National Costume – September 20, 2021 တွင် အာခါတိုင်းရင်းသူ ရိုးရာဝတ်စုံ
၃။ ASEAN Digital Photography – October 4, 2021 တွင် အဲန်းတိုင်းရင်းသူ
၄။ ASEAN Storytelling – October 8, 2021
၅။ ASEAN Dances Competition – October 15, 2021 တွင် ရှမ်းရိုးရာအက
၆။ ASEAN Essay Writing – October 22, 2021
၇။ Video ရိုက်ကူးရေး ပြိုင်ပွဲ