Kyaing Tong University – Chiang Rai Rajabhat University တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ ၂၁-၁-၂၀၂၁ ( ကြာသပတေးနေ့) ကျိုင်းတုံတက္ကသိုလ် နှစ်ပတ်လည်မွေးနေ့ နံနက် ၁၁: ၀၀ နာရီတွင် လက်မှတ်ရေးထိုးကြပါသည်။
ရည်ရွယ်ချက်
(1) Exchange of students
(2) Exchange of faculty
(3) Research seminars and conferences
(4) Research paper publication
ကျိုင်းတုံတက္ကသိုလ်အတွက် နိုင်ငံခြားတက္ကသိုလ်နဲ့ နားလည်မှု စာချွန်လွှာ ထိုးခြင်းသည် ၁၉၉၈ ခု ကျိုင်းတုံကောလိပ်စတင် တည်ထောင်ခြင်းမှစ၍ ယခု ၂၀၂၁ ခုနစ်ကာလထိ ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။
ကာလတို ထိုင်းဘာသာသင်တန်းကိုလည်းစနစ်တကျ တရားဝင်ဖွင့်လှစ်သွားရန် ရည်ရွယ်ပါသည်။ ထိုင်းနိုင်ငံတက္ကသိုလ်မှပေးအပ်သည့် လက်မှတ်နဲ့ မိမိဒေသ တိုးတက်အောင် လူမှုရေး စီးပွားရေး ပညာရေး တိုးတက်ရန် ပိုမိုဆောင်ရွက်နိုင်ရန် ကြိုးစားနိုင်မည် ဖြစ်ပါ။ အပြန်အလှန်အားဖြင့် မြန်မာ ၊ရှမ်း ၊ အာခါ၊ လားဟူ ယဥ်ကျေးမှု ၊ ဘာသာစကားများကိုလည်း ထိုင်းနိုင်ငံ ရာဂျာဘတ်တက္ကသိုလ်မှာ အပြန်အလှန် သင်ကြားရေး ၊ ဖလှယ်ရေး ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။ သုတေသန ပူးပေါင်းဆောင်ရွက်မှုများစွာ လုပ်ဆောင်နိုင်မည်ဖြစ်၍ ကျိုင်းတုံတက္ကသိုလ်ကို ပြောင်းရွှေ့လာကြရမည့် ဘာသာရပ်အသီးသီးက ဆရာ ဆရာမများ မိမိပညာရပ်များ အသုံးချခွင့် ရရှိမည်ဖြစ်ပါသည်။ ကျိုင်းတုံတက္ကသိုလ်အနေဖြင့် အခြားသောပြည်တွင်း/ပြည်ပ တက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုများ ထပ်မံ ဆောင်ရွက်နိုင်မည်််််််ဖြစ်ါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာစမ်းစမ်းမာ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့် နှင့်တကွ ဆရာဆရာမများ၊ ဝန်ထမ်းများတက်ရောက်ကြပါသည်။
Recent Posts
- ဖိလစ်ပိုင်နိုင်ငံ TARLAC Agricultural University တွင်ကျင်းပသော Credit Transfer system ဖြင့် Student Exchange Programme အတွက် Welcome ceremony အခမ်းအနားတက်ရောက်ခြင်း
- Kyaing Tong University – Chiang Rai Rajabhat University တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား
- ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦ အတွက် မဟာပန္နက်တင်မင်္ဂလာ အခမ်းအနား
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါဖွင့်ဖောက်စိစစ်ရွေးချယ်ခြင်းအခမ်းအနား
- ကထိန်သင်္ကန်းကပ် လှူပူဇော်ခြင်းအခမ်းအနား