၁၅-၁-၂၀၂၁ ၊ သောကြာနေ့၊ မင်္ဂလာအချိန် နံနက် (၁၀:၀၀) နာရီတွင် ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦအတွက် မဟာပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ကျိုင်းတုံဟော်နန်းကြီး၏ အငွေ့အသက်များ ပါဝင်သော ဘွဲ့နှင်းသဘင်အဆောက်အဦးဟာ အလျား ၁၆၄ပေ × အနံ ၂၀၆ ပေ (၆၇၅၆၈ စတုရန်းပေ ) ကျယ်ဝန်းပါသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းရင်းသားများ ပညာတတ်ဘွဲ့ရပြီး ဘွဲ့တက်ရောက်ယူလျှင် တက္ကသိုလ်ရှိရာသို့ တိုင်းရင်းသားရိုးရာဝတ်စုံပြည့်ဖြင့် တစ်ရွာလုံး ခြိမ့်ခြိမ့်သဲ တက်ရောက်ဂုဏ်ပြုနိုင်စေရန် ရည်ရွယ်လျက် မဟာပန္နက်တင် အခမ်းအနားကို စွမ်းအင်နင့် လျပ်စစ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ မြို့မိမြို့ဖ များဖြစ်ကြသော အဘ ဦးဟောင်ခမ်း၊ ဦးစိုင်းရှဲန်ခမ်း၊ ဦးစိုင်ဆမ်ခမ်း၊ မြန်မာရတနာရွှေခေတ်ကုမ္ပဏီအုပ်စုမှ ဥက္ကဌ သီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းဘိုဘို၊ ကျိုင်းတုံတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ စီမံ/ဘဏ္ဍာ ဌာနမှူး၊ သင်တန်းရေးရာ ဌာနမှူး ၊ အင်ဂျင်နီယာမှူး၊ တွဲဖက်ပါမောက္ခများ၊၊ ဆရာများသမဂ္ဂ မှဆရာများမှ တက်ရောက်၍ မဟာပန္နက်တင်ပါသည်။
Recent Posts
- Kyaing Tong University – Chiang Rai Rajabhat University တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား
- ကျိုင်းတုံတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦ အတွက် မဟာပန္နက်တင်မင်္ဂလာ အခမ်းအနား
- ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါဖွင့်ဖောက်စိစစ်ရွေးချယ်ခြင်းအခမ်းအနား
- ကထိန်သင်္ကန်းကပ် လှူပူဇော်ခြင်းအခမ်းအနား
- ကြေညာချက်(၈/၂၀၂၀)